
တမူးကုန်သွယ်ရေးစခန်းမှ အများဆုံး တင်ပို့နေသော ကုန်ပစ္စည်းများမှာ နန့်ဖာလုံကုန်စုံ၊ သွင်းကုန်ပိုင်းတွင် အများဆုံးတင်သွင်းသော ကုန်ပစ္စည်းများမှာ ဓာတ်မြေသြဇာဖြစ်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပို့ကုန်မှာ နန့်ဖာလုံကုန်စုံ တန်ဖိုးအမေရိကန် ဒေါ်လာ ၀ ဒသမ ၀၄၄ သန်း၊ သွင်းကုန်ပိုင်းတွင် ဓာတ်မြေ သြဇာတန်ချိန် ၂၂ ဒသမ ၅၀၀ တန် (တန်ဖိုးအမေရိကန် ဒေါ်လာ ၀ ဒသမ ၀၁၁ သန်း) ရှိကြောင်းသိရသည်။ ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာလျှင် ၂၅၂၇ ကျပ်၊ ၁ ဒေါ်လာ ၈၁ ဒသမ ၅၂ ရူပီး၊ ၁ ရူပီး ၃၁ ကျပ်၊ ၁၀၀ ကျပ် ၃ ဒသမ ၂၃ ရူပီး ဖြစ်ပေါ်လျက်ရှိသည်။ တမူးမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ဧည့်မထဆန်တစ်အိတ် ကျပ် ၄၂၅၀၀၊ ပေါ်ဆန်းမွှေး တစ်အိတ် ကျပ် ၉၁၅၀၀၊ မြေပဲဆီတစ်ပိဿာ ကျပ် ၁၄၀၀၀၊ စားအုန်းဆီတစ်ပိဿာ ကျပ် ၉၅၀၀၊ ကြက်ဥ လေးလုံး ကျပ် ၁၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၅၅၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၄၅၀၀၊ ငရုတ်သီး တစ်ပိဿာ ကျပ် ၂၀၀၀၀ ဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း