တက္ကသိုလ်နှင့်အခြေခံပညာကျောင်းများ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် လမ်းများကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဇွန်  ၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့  နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ်   စဉ့်ငူရပ်ကွက်  အောက်မင်္ဂလာဒုံ လမ်းရှိ   ဆေးဘက်ဆိုင်ရာ   နည်းပညာတက္ကသိုလ် (ရန်ကုန်)ကျောင်းသို့  သွားရောက်၍   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတို့၏   ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့်    ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း သန့်ရှင်း သာယာသပ်ရပ်ရေးအတွက်   မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ အလင်း ဖွင့်ပေးခြင်း၊ အောက်တက်ပင်များသစ်ကိုင်း သစ်ခက်များ  ရှင်းလင်း၍  ပုံသွင်းခြင်း၊ ရေစီးရေလာ  ကောင်းမွန်ရေးအတွက် ကျောင်းအတွင်းရှိ ရေနုတ် မြောင်းများ    တူးဖော်ရှင်းလင်းခြင်း    သွေးလွန် တုပ်ကွေးရောဂါ     ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည်ဆည်းဆောင်ရွက်ပေးသည်။

 


ဆက်လက်၍    လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းမဘေး ဒဂုံဧရာ အဝေးပြေးရှေ့မှ အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းထိပ်အထိ   လမ်းသားတိုးချဲ့ရန်  မြေညှိ ပြုပြင်နေမှုနှင့် အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်း အရှည် ပေ ၇၈၀၀ ကျော် အကျယ် ၄၄ပေ ကွန်ကရစ်လမ်း   ခင်းကျင်းနေမှုတို့ကို   သွားရောက် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ   မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထိုမှတစ်ဆင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရေပေးဝေရေးအတွက်  အနောက်ပိုင်း  နည်းပညာ တက္ကသိုလ် အဝင်လမ်းထိပ် ရေဂါလန် ၁၀၀,၀၀၀ ဆန့် ရေစုကန် နှစ်ကန်နှင့် အုပ်ချုပ်မှု အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် ရေတွန်းစက်တပ်ဆပ်ထားရှိမှုတို့ကို   ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက်        မြို့တော်ဝန်နှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ်  မုန့်လုပ်ဆောင်းကုန်း  တောင် ရပ်ကွက် ဟံသာဝတီလမ်းမပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ အလုံ မြို့နယ်  စောရန်ပိုင်တောင်ရပ်ကွက်ရှိ   အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများ၊   လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ     ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း   သန့်ရှင်းသာယာသပ်ရပ်ရေး အတွက်       မြက်ပင်ချုံနွယ်များ    ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ   ခုတ်ထွင်ရှင်းလင်း၍  အလင်းဖွင့် ပေးခြင်း၊   ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကျောင်းအတွင်းရှိ    ရေနုတ်မြောင်းများ  တူးဖော် ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေး မှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး      လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ထို့နောက်  မြို့တော်ဝန်သည် နံနက် ၉ နာရီခွဲ တွင်   သယံဇာတရေးရာနှင့်  စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှူး များ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ      ရန်ကုန်မြို့တော်ခန်းမ   ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌    ကျင်းပသော   ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ လိုင်စင်များ ခွင့်ပြုရာတွင်   အခွန်အထောက်အထားရယူရမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်အဝေးကို တက်ရောက် ပြီး   အဖွင့်အမှာစကား   ပြောကြားခဲ့ကြောင်း  သိရ သည်။                                   

 

သတင်းစဉ်