တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများ ယနေ့ စတင်ဖွင့်လှစ်

 

နေပြည်တော်  ဇန်နဝါရီ  ၆


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းသား ကျောင်းသူများ သင်ယူမှု အဆက်မပြတ်စေရန်အတွက်   ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ  တက္ကသိုလ်၊  ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယနေ့ စတင်ဖွင့်လှစ်ခဲ့သည်။

 


ထိုသို့ဖွင့်လှစ်ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေးစတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊   ဂုဏ်ထူးတန်း   တတိယနှစ် (ပထမနှစ်ဝက်)၊ မဟာအရည် အချင်းစစ်သင်တန်း (ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း  ပထမနှစ်(ပထမ နှစ်ဝက်)နှင့်  မဟာဘွဲ့သင်တန်း   ဒုတိယနှစ်(ပထမ နှစ်ဝက်)ဘွဲ့ သင်တန်းများကို  ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ သက်ဆိုင် ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကိုဗစ်-၁၉      စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။                                            

သတင်းစဉ်