တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်( ၉ /၂၀၂၁) ကျင်းပ

 

နေပြည်တော်   ဇွန်  ၂၅ 


တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီအစည်းအဝေး (၉/၂၀၂၁) ကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ရှိ    ကာကွယ်ရေးဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌  ကျင်းပသည်။ 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊    ပြည်ထောင်စု ဝန်ကြီးများ       ဖြစ်ကြသည့်  ဒေါက်တာ   သက်သက်ခိုင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးဇော်ဝင်း၊ ဦးမျိုးလှိုင်၊ ဦးမင်းထိန်နှင့် ဦးဇော် အေးမောင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။ 


အစည်းအဝေးတွင်  တိုင်းရင်း သားရေးရာ၊    ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်    ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက  အဖွင့်အမှာစကား     ပြောကြား သည်။ 


ထို့နောက်         တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ အတွင်းရေးမှူး    ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က    အစည်း အဝေး အမှတ်စဉ်    (၈/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်   ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီး   ဦးရဲတင့်၊    အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့်  တာဝန်ရှိသူများက ကော်မတီသို့   ပေးပို့တင်ပြလာ သည့်   အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ  ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာနများမှတင်ပြလာကြသည့်    အမှာစာ ကိစ္စရပ်များကို     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊  စီမံခန့်ခွဲ ရေး ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့်  ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်   ကိစ္စရပ်များကို အတည်ပြုသည်။ 


ယင်းနောက်   ကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့်  စောဒန်နီ ယယ်နှင့်        ဒေါက်တာဗညား အောင်မိုး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီးများ        ဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးမျိုးလှိုင်၊ ဦးမင်းထိန် နှင့် ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်  ဦးသိန်းဌေးဦး တို့က တိုင်းရင်းသားရေးရာကိစ္စ ရပ်များ၊ ဝန်ဆောင်မှုရေးရာကိစ္စ ရပ်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက်   ရှင်းလင်းတင်ပြကြရာ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး    ဦးဇော်အေးမောင်က ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက်   တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်  အမှာစကားပြောကြားပြီး အစည်း အဝေးကို  ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်