တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၇


တိုင်းရင်းသား    လူမျိုးများရေးရာ  ဝန်ကြီးဌာန  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန   ဌာန တွင်း  အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်   (၁/၂၀၂၃)   သင်တန်း ဖွင့်ပွဲအခမ်းအနားကို     ယနေ့ နံနက်ပိုင်းတွင်      တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး       ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်၊  ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊      အရာထမ်းများ၊ အမှုထမ်းများ၊     သင်တန်းမှူး၊ သင်တန်းနည်းပြနှင့်    သင်တန်း သား သင်တန်းသူများ တက်ရောက် ကြသည်။

 


ရှေးဦးစွာ       ပြည်ထောင်စု ဝန်ကြီးက   မိမိတို့ဝန်ကြီးဌာန တွင်း၌  ဘက်စုံထူးချွန်ထက်မြက် သော     လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရန်၊ ဝန်ထမ်း များ   ရုံးလုပ်ငန်းအထောက်အကူ ပြု    ကွန်ပျူတာကို   ကျွမ်းကျင် ပိုင်နိုင်စွာ  အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးကို        တစ်ဖက် တစ်လမ်းမှ  အထောက်အကူပြုနိုင် ရန်    ဤသင်တန်းကို    ရည်ရွယ် ဖွင့်လှစ်ခြင်း        ဖြစ်ပါကြောင်း၊  သင်တန်းမှ    သင်ကြားပေးမှုများ အပေါ် အခြေခံပြီး   အခြေခံပညာ ရပ်မှတစ်ဆင့် အဆင့်မြင့်ပညာရပ် များကို         ဆက်လက်လေ့လာ သင်ယူမှုများ၊      လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက     ရုံး လုပ်ငန်းတွင်        ကွန်ပျူတာ ကျွမ်းကျင်သည့်          အရာထမ်း၊ အမှုထမ်းများ  ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊        ယခု သင်တန်းမှ   ထူးချွန်သင်တန်းသား သုံးဦးကို       စိစစ်ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ    ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က   ကွန်ပျူတာ အကြောင်း  သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။      


ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာန၊    ဌာနတွင်း    အခြေခံ ကွန်ပျူတာသင်တန်း   လက်တွေ့ ပို့ချနေမှုကိုကြည့်ရှုပြီး       လိုအပ် သည်များကို မှာကြားသည်။

 


ယနေ့ဖွင့်လှစ်သည့် သင်တန်း သို့  သင်တန်းသား  သင်တန်းသူ ၁၇    ဦး    တက်ရောက်ကြပြီး သင်တန်းကာလမှာ     သုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်း    သိရှိရ သည်။          

 

သတင်းစဉ်