တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

 

နေပြည်တော်   ဇွန် ၁၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန    ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို   ယနေ့  နံနက်   ၁၀   နာရီတွင် နေပြည်တော်ရှိ     တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပသည်။ 

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊  ဒုတိယဝန်ကြီး    ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊      ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ က ဝန်ကြီးဌာန၏ ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင် များကို    ဦးဆောင်စိုက်ပျိုးပေးကြပြီး    အမြဲတမ်း အတွင်းဝန်၊     ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း များက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များက      သစ်ပင်ပျိုးပင်များ   စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး ယမန်နှစ် မိုးရာသီ တွင်   စိုက်ပျိုးခဲ့သည့်အနက်    ၇၂ ရာခိုင်နှုန်းကျော် ရှင်သန်နေသော   နှစ်ရှည်ပင်များကို   မြေဩဇာ ကျွေးခြင်း၊   ပေါင်းသင်ခြင်း၊   ရေလောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

 


ယနေ့အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ စွယ်တော်၊ မန်ဂျန်ရှားပင်နှင့် နှစ်ရှည်ပင်များအပါအဝင်    စုစုပေါင်း အပင် ၁၈၀  စိုက်ပျိုးခဲ့ကြကာ ငါးသားပေါက်ကောင်ရေ ၇၀၀၀  စိုက်ထည့်ခဲ့ကြောင်း သိရသည်။            

သတင်းစဉ်