တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်

နေပြည်တော်    ဒီဇင်ဘာ    ၂၉


ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျင်းပသည်။ 


ကျင်းပနိုင်ခဲ့


စာတမ်းဖတ်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးကိုကိုက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှု     ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လည်းကောင်း၊   တိမ်မြုပ်နေသည့်   ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်နိုင် ရန်အတွက် လည်းကောင်း ရည်ရွယ်၍ စာတမ်းဖတ်ပွဲ များကို ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်းတွင် ဒုတိယ အကြိမ်မြောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပနိုင်ခဲ့ ခြင်းဖြစ်ကြောင်း။ 
ယနေ့စာတမ်းဖတ်ပွဲ၏ သုတေသနစာတမ်းများ ဖြစ်သော   လက်တွေ့နယ်ပယ်အသီးသီးမှ   ပါဝင် ဆောင်ရွက်နေကြသူများ၏ သုတေသနရလဒ်များကို အခြေခံပြီး သမိုင်းမတင်မီခေတ်မှ ယနေ့ မျက်မှောက် ခေတ်ကာလအထိ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်‌  ပေါ်ပေါက်ထွန်းကားခဲ့သည့် ယဉ်ကျေးမှုသွင်ပြင် များ၊ အထောက်အထားများအကြောင်းကို ဖတ်ကြား သွားမည်ဖြစ်ကြောင်း။
ယခုကဲ့သို့   စာတမ်းဖတ်ပွဲ   ကျင်းပခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏       လူမှုရေး ဦးတည်ချက်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏      ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ   မပျောက်ပျက်အောင်   ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အချက်ကို လက်တွေ့ အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ မြေပေါ် မြေအောက်ရှိ ယဉ်ကျေးမှုဆိုင်ရာအထောက်အထား များကို သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းရေးတွင် လည်း ပြည်သူများ ပူးပေါင်းပါဝင်ထိန်းသိမ်းလိုစိတ် များ   ဖြစ်ပေါ်လာစေရန်အတွက်  လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးများကို သိရှိ နားလည်ခြင်းဖြင့်  ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးမှာလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ကြရန်အတွက် လည်းကောင်း၊  ထိုမှတစ်ဆင့်တက်ပြီး ပြည်သူများနှင့် အနာဂတ် မျိုးဆက်သစ်များအနေဖြင့်လည်း          ယဉ်ကျေးမှု အမွေအနှစ်        ဖော်ထုတ်ထိန်းသိမ်းရေးနှင့်အတူ ကာကွယ်စောင့်ရှောက်လိုစိတ်များ မွေးဖွားလာစေရန် ဖြစ်ကြောင်း၊ မျိုးဆက်သစ် အရာထမ်း၊ အမှုထမ်းများ အနေဖြင့်      ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ   သုတေသနလုပ်ငန်းများကို  ယခုစာတမ်း ဖတ်ပွဲက အတွေ့အကြုံ၊ ဝေမျှမှုများကို အခြေခံပြီး မိမိတို့အားသန်ရာ ဘာသာရပ်များအလိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် သုတေသန အလေ့အကျင့် ကောင်းများ ဆက်လက်မွေးမြူပြီး လေ့ကျင့်ရေးသား ဖော်ထုတ်သွားကြရန်လိုအပ်ကြောင်း   ပြောကြား သည်။


ရှင်းလင်းပြောကြား


ဆက်လက်၍        ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦးလွင်က    စာတမ်းဖတ်ပွဲကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး နံနက်ပိုင်းတွင်  စာတမ်းရှင် ရှေး‌ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန    ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပင်လယ်(မိုင်းမော)မြို့ဟောင်း  တူးဖော်သုတေသနစာတမ်း၊        မြောက်ဦးဌာနခွဲမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ပျူနှင့် ရခိုင် ရှေးမြို့ဟောင်းမြို့တော်များ၏ တိုးတက်မှုဖြစ်စဉ် ကို နှိုင်းယှဉ်လေ့လာခြင်းစာတမ်းတို့ကို ဖတ်ကြား တင်သွင်းခဲ့သည်။ 


ထို့နောက် ညနေပိုင်းတွင် စာတမ်းရှင်  ပုဂံဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက ပုဂံနဂါးရုံ ဘုရားအတွင်းရှိ   ထူးခြားရှားပါးသည့်    သုတ္တံနံရံ ဆေးရေးပန်းချီလက်ရာများအား    လေ့လာချက် စာတမ်း၊ ရှေး‌ဟောင်းသုတေသန နည်းပညာသင်တန်း ကျောင်း(ပြည်)မှ လက်ထောက်ကထိက ဦးမာန်သစ် ငြိမ်းက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်း ကပ်သက်တမ်းရှိ ဧရာဝတီကျောက်လွှာစုမှ ပရိုင်း မိတ် ကျောက်ဖြစ်ရုပ်ကြွင်းများစာတမ်း၊ ရှေး‌ဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ လက်ထောက်ကထိက ဒေါ်သွဲ့သွဲ့အေးက ပုဂံဒေသ ရှိ ရှေးဟောင်းရေကန်များနှင့် ၎င်းရေကန်များနှင့် ဆက်စပ်နေသည့် ရိုးရာဓလေ့စာတမ်း စုစုပေါင်း စာတမ်းငါးစောင်ကို ဖတ်ကြားတင်သွင်းခဲ့ခြင်းအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်    ဦးကျော်ဦးလွင်၊   ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူး များဖြစ်သည့်           ဒေါက်တာအေးအေးသင်း၊ ဦးအောင်အောင်ကျော်၊ ဒေါ်ဘေဘီ၊ ဦးအာကာကျော် တို့ကလည်းကောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟံရှိန်၊ ဒုတိယညွှန်ကြားရေးမှူး      ဒေါက်တာခင်သီတာ၊ လက်ထောက်ကထိက ဦးမာန်သစ်ငြိမ်း၊ ဗိဿနိုး ဌာနစု   ဒုတိယညွှန်ကြားရေးမှူး   ဦးခင်ဇော်နှင့် သုတေသနလက်ထောက်-၁ ဦးတင်လတ်ယုတို့က လည်းကောင်း၊      ပြင်ပဝန်ကြီးဌာနများဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၁)မှ ဒုတိယညွှန်ကြား ရေးမှူး ဦးညီညီအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းသူတို့က လည်းကောင်း ဆွေးနွေးမေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး  ဦးထွန်းအုံက စာတမ်းဖတ်ကြားမှုအပေါ် သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။                        

               သတင်းစဉ်