တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၀ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း  ၇  ရက်
( ၂၀၂၃ ခုနှစ် ၊ ဧပြီလ  ၂၅  ရက် )
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ အမှတ်(၂၄)တွင်  ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅) ဖြစ်ပါသည်။

    (ပုံ) သိန်းစိုး
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်