နေပြည်တော် နိုဝင်ဘာ ၂၂
တိုင်းရင်းသားအရေးကိစ္စရပ်များဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများ၌ လုပ်ငန်းစီမံကိန်းများ ဖော်ဆောင်ရာတွင် မြေယာများကို သေချာကွင်းဆင်းစိစစ်ကြစေလိုကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါအချက်များကိုလိုက်နာ၍ ကြိုးပမ်းအကောင် အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဘာသာသင် (TA/LT) လျှောက်ထားမှုများကို ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား များ ပညာရည်မြင့်မားရေး ကူညီဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအရည်အချင်း ပြည့်ဝ သော ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ကို သေချာစွာလေ့လာထားကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေများ၊ မြေယာဥပဒေများကို သေချာစွာသိရှိထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသည့် ဝန်ထမ်းများ၊ အရာထမ်း၊ အမှုထမ်း များနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



