တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍  ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
(၇၅)    နှစ်မြောက်     စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်း သား    စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲအခမ်းအနားကို ယနေ့    နံနက်   ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ  ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊       ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့မှ တိုင်းရင်းသားရေးရာဝန်ကြီး များ၊   နေပြည်တော်ရှိ   လီဆူ တိုင်းရင်းသားများကိုယ်စားလှယ် နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်း ဝန်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ    တက်ရောက် ကြသည်။ 
အခမ်းအနား         မစတင်မီ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် ဧည့်သည် တော်များက   ဝန်ကြီးဌာနမြေညီ ထပ်၌ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံရှိ  အဓိကလူမျိုးကြီး ရှစ်စုနှင့် သက်ဆိုင်သည့်ပြကွက် များ၊    တိုင်းရင်းသားမျိုးနွယ်စု  ၅၀ နှင့် သက်ဆိုင်သည့် ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊       ရိုးရာ တူရိယာများနှင့်  အသုံးအဆောင် ပစ္စည်းပြခန်းများကို ကြည့်ရှုကြ သည်။
အခမ်းအနားတွင်     ပြည် ထောင်စုဝန်ကြီးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးသည်   အရေးကြီးကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ    တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ပြီး ပြည်သူများလည်း စားဝတ်နေ ရေး ပြေလည်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်   အားလုံး ဝိုင်းဝန်း   ကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊  တိုင်းပြည်တိုးတက်ရေး အတွက် ခေါင်းဆောင်မှု၊ မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက် မှုတို့ အဓိကကျကြောင်း၊ ထို့အတူ မေတ္တာတရား   ထားရှိခြင်းသည် လည်း အရေးကြီးကြောင်း။
နိုင်ငံ၏ ရာဇဝင်သမိုင်းကြောင်း  ကိုသိမှ နိုင်ငံကိုထိန်းသိမ်းစောင့် ရှောက်နိုင်မည်            ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏   စာပေနှင့် ယဉ်ကျေးမှုများ မပပျောက်စေရေး အတွက် ထိန်းသိမ်းစောင့်ရှောက်  ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား များ၊ ပြည်သူများအားလုံး တန်းတူ ညီမျှ      အခွင့်အရေးရရှိစေရေး  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  စုပေါင်းဆောင်ရွက်မှုရှိပါက အရာ ရာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ       ဝန်ကြီး ဦးကျော်ဝင်းခိုင်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ       ဝန်ကြီး ဦးစန်းကို၊ ရှမ်းပြည်နယ် တိုင်းရင်း သားရေးရာဝန်ကြီး    ဦးအောင် ကြည်ဝင်းနှင့် လီဆူတိုင်းရင်းသား များ၏ကိုယ်စားလှယ် ဦးဇယ်ဒေါင် (ခ)လာအားဆာတို့က တိုင်းရင်းသား   လူမျိုးများ      ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်