တိုင်းပဲခူး၏ MSME လုပ်ငန်းများမှသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုဆီ

 

မြတ်သူ

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉၀ ကျော်သည် လုပ်ငန်းငယ်များ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးရေးကို ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်အတွက်လည်း ရည်ရွယ်သည်။
ဈေးကွက်ခိုင်မာရေးအရောင်းစင်တာဖွင့်လှစ်
ထို့ကြောင့် MSME   လုပ်ငန်းများမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးနှင့်    ပြည်နယ်အလိုက်   အကောင် အထည်ဖော်လျက်ရှိသည်။    ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်         ဖော်ဆောင်ကြိုးပမ်းရာတွင်  ပဲခူးတိုင်းဒေသကြီး      အစိုးရအဖွဲ့သည်လည်း တိုင်းဒေသကြီးအတွင်းရှိ    MSME   လုပ်ငန်းများ ဖွံ့ဖြိုးမှုရရှိစေရန်အတွက် စဉ်ဆက်မပြတ်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ယခုအခါ    တိုင်းဒေသကြီး အတွင်းရှိ MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေးနှင့် ဈေးကွက်ခိုင်မာရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသ ကြီးထုတ်ကုန်များ အရောင်းစင်တာကို    ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်က ပို့ကုန်တိုးမြှင့်ရေး
အကောင်အထည်ဖော် ကြိုးစားခြင်းဖြစ်
“MSME  လုပ်ငန်းတွေ ဖွံ့ဖြိုးစေဖို့    အကောင် အထည်ဖော်ဆောင်ရွက်ကြတဲ့အခါ    ငွေကြေးအရင်း အနှီး၊ နည်းပညာ၊   ဈေးကွက် ဒါတွေက   အဓိက လိုအပ်ချက်အဖြစ် တွေ့ရတယ်။ အခု ဒီစင်တာက တော့ ဈေးကွက်အခွင့်အလမ်းကို MSME  လုပ်ငန်း တွေ တစ်စုတစ်တည်း၊  တစ်နေရာတည်းကနေ ရရှိ နိုင်ဖို့အတွက်ပါ။ အရင်းအနှီးအတွက် နိုင်ငံတော်က နိုင်ငံစီးပွားမြှင့်တင်ရေး      ရန်ပုံငွေကတစ်ဆင့် ဆောင်ရွက်ပေးတာရှိတယ်။    သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်     ကူညီဆောင်ရွက်ပေးတာရှိတယ်။         နည်းပညာ အတွက်လည်း   ကျွန်တော်တို့     တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ပြီး သက်ဆိုင်ရာ    ဌာနအဖွဲ့ အစည်းတွေက   သက်ဆိုင်ရာ    ခေါင်းစဉ်အလိုက်    ဆောင်ရွက်ပေးနေတာရှိတယ်။   ဒါက နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ပို့ကုန်တိုးမြှင့်ရေး ရည်ရွယ်ချက်ကို    နည်းလမ်းတစ်ခုနဲ့  အကောင်အထည်ဖော် ကြိုးစား ခြင်းလည်း     ဖြစ်ပါတယ်”ဟု   ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး   ဦးတင်ဦးက ပြောကြားသည်။
တိုင်းဒေသကြီးအတွင်းရှိ MSMEsလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးမှုရရှိနိုင်ရန်  ရည်ရွယ်သည့်  ပဲခူးတိုင်း ဒေသကြီးထုတ်ကုန်များ အရောင်းစင်တာကို ပဲခူးမြို့ သီရိဥဿာဈေးတွင် ဖွင့်လှစ်ထားရှိပြီဖြစ်သည်။ 
“ကျွန်မလို အသေးစား၊ အငယ်စား  လုပ်ငန်းရှင် တွေအတွက် အလွန်ကောင်းမွန်တဲ့အစီအစဉ်   ဖြစ်ပါ တယ်။ အရင်ကဆိုရင် ကျွန်မတို့ရဲ့   ကုန်ပစ္စည်းတွေ ဈေးကွက်တင်ရောင်းဖို့အတွက် အရောင်းဆိုင်တွေ ကို သွားပြီး တင်ရောင်းပေးဖို့ မေတ္တာရပ်ခံခဲ့ရတယ်။ အဆင်ပြေတာတွေရှိသလို  အဆင်မပြေခဲ့တာတွေ လည်း ရှိခဲ့တယ်။ အခုတော့ ပဲခူးအရောင်းစင်တာမှာ ကျွန်မတို့ ရောင်းနေတဲ့ဈေးအတိုင်း  တင်ရောင်းပေး တဲ့အတွက် ရောင်းအားပိုကောင်းလာလို့   ထုတ်လုပ် မှုလည်း တိုးတက်လာခဲ့ပါတယ်”ဟု  စင်တာတွင် ပါဝင်ရောင်းချသည့် အသင့်စား ရွှေတောင်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲနှင့် ထမင်းသုပ် လုပ်ငန်းရှင် ဒေါ်ဥမ္မာကျော်က ပြောသည်။
အဆိုပါစင်တာတွင်  တိုင်းဒေသကြီးအတွင်းရှိ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပြည် ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်    စသည့် ခရိုင်ခြောက်ခရိုင်မှ စိုက်ပျိုးရေးကို  အခြေခံသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် စိုက်ပျိုး ရေး လုပ်ငန်းသုံးကုန်ပစ္စည်းများကို      ရရှိနိုင်ပြီ ဖြစ်သည်။
ဒေသထွက်တွေကို တစ်နေရာတည်းမှာ ဝယ်လို့ရ
“ဒီစင်တာမှာက      ပဲခူးဒေသထွက်ကုန်တွေ တော်တော်များများ တွေ့ရတယ်။ ထုတ်ကုန်အလိုက် တိုက်ရိုက်ရောင်းချတာဖြစ်တဲ့အတွက်   ဈေးမကြီး ဘူး။ ရောင်းသူ၊ ဝယ်သူ  နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေ စေတဲ့နေရာလေးတစ်ခုပါ။   ဥပမာဆိုရင်   ကျွန်မ တို့လို ခရီးသွားပြည်သူတွေအတွက် ပြည်က ထမင်း သုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ တောင်ငူက ကော်ဖီ မုန့်ဖတ်ခြောက်၊ ပဲခူးက ငါးချဉ်၊   ငါးပိငါးခြောက် စသည်ဖြင့် တိုင်းဒေသကြီးထဲက ဒေသထွက်တွေကို အပြန်လက်ဆောင်ကို ဈေးနှုန်းသက်သက်သာသာ နဲ့တစ်နေရာတည်းမှာ ဝယ်လို့ရတာပေါ့” ဟု ပဲခူးမြို့ သို့   ဘုရားဖူးလာရောက်သည့် မကွေးမြို့မှ  ဒေါ်မြိုင် က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား ကုန်ထုတ် လုပ်ရေးလုပ်ငန်း ၁၀၂၈ ခု၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်း  ၃၀၃၂ ခု စုစုပေါင်း လုပ်ငန်းပေါင်း ၄၀၆၀     ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတူအစုအဖွဲ့အလိုက်၊   စက်မှုလုပ်ငန်းများ အလိုက်   လုပ်ငန်းစီမံချက်များ   ရေးဆွဲဆောင်ရွက် လျက်ရှိသည်။ လုပ်ငန်းစီမံချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ကို ဦးစွာဖွဲ့စည်းထားရှိပြီးဖြစ်သည်။
ဒေသအတွင်း ဈေးရောင်းပွဲတော်များကို  ကျင်းပလျက်ရှိ
ယင်းအေဂျင်စီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အတွင်းရှိ ထုတ်ကုန်များ   အားပေးမြှင့်တင်ရန် အတွက် ဒေသအတွင်း MSME ဈေးရောင်းပွဲတော် များကို  ကျင်းပလျက်ရှိသည်။ ထို့ပြင်    MSME လုပ်ငန်းများနှင့် ပတ်သက်သည့်    သတင်းအချက် အလက်များ    ပြည်သူများအကြား    ကျယ်ကျယ် ပြန့်ပြန့်ပျံ့နှံ့စေရန်   ရည်ရွယ်သည့် MSME  Talk Show များကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။
“တိုင်းဒေသကြီးအတွင်းမှာ ပြည်ပက တင်သွင်း နေရတဲ့    ကုန်ပစ္စည်းတွေနေရာမှာ    ဒေသထွက် ပစ္စည်းတွေနဲ့ အစားထိုးသုံးစွဲနိုင်ဖို့အတွက် အစီ အစဉ်တွေ စနစ်တကျ ရေးဆွဲပြီး အကောင်အထည် ဖော်နေတာလည်း ရှိပါတယ်။ ဥပမာ     စိုက်ပျိုးရေး အတွက် ပြည်ပက  ဓာတ်မြေဩဇာတွေနေရာမှာ ဒေသရဲ့ သဘာဝမြေဩဇာထုတ်လုပ်မှု တိုးတက် အောင် အစားထိုးနိုင်အောင်    ကြိုးပမ်းနေပါတယ်။ မွေးမြူရေးလုပ်ငန်းအတွက် ဒေသက လုပ်ငန်းတွေ ကို နည်းပညာ၊ အရင်းအနှီးရရှိရေးကို သက်ဆိုင်ရာ ဌာနတွေက ဆောင်ရွက်ပေးနေတာလည်း      ရှိပါ တယ်။    ဒေသတွင်းမှာ မွေးမြူရေးလုပ်ငန်းတွေ အားပေးဖို့    မွေးမြူရေးလုပ်ကိုင်သူတွေအတွက် မွေးမြူရေးဇုန် ဖော်ထုတ်နေတာလည်း ရှိပါတယ်။ ပြီးတော့ ဒေသMSME လုပ်ငန်းထဲမှာ    ပါဝင်တဲ့ သစ်အခြေခံ မြန်မာ့လက်မှု လုပ်ငန်းတွေ အဆင်ပြေ စေဖို့ ကုန်ကြမ်းရရှိအောင် ရောင်းချပေးတာလည်း ရှိပါတယ် ” ဟု  စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ ပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အဆင်ပြေ လွယ်ကူစေရန်အတွက်    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှတစ်ဆင့်   ချေးငွေပေးအပ်လျက်ရှိသည့် အပြင် ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ် နှင့်   သမဝါယမချေးငွေရရှိအောင်     ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ MSME   လုပ်ငန်းရှင် ၅၆၅ ဦးအား ချေးငွေကျပ် ၁၀၄၉၁ ဒသမ ၂၈၄ သန်း ထုတ်ချေးထားကြောင်း သိရသည်။
“အရင်က လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ချင်ခဲ့တာ ငွေကြေးမလုံလောက်လို့ မလုပ်နိုင်ခဲ့ဘူး။ အခုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံ့စီးပွား မြှင့်တင် ရေးရန်ပုံငွေက ထုတ်ချေးပေးတဲ့ ချေးငွေရရှိခဲ့လို့ စက်ယူနစ်အသစ်တွေ    ဝယ်ယူတပ်ဆင်နိုင်ခဲ့ပြီး ပြည်ပဈေးကွက်ရရှိဖို့ ကြိုးစားဆောင်ရွက်နေပါပြီ” ဟု Light House အမှတ်တံဆိပ် ကော်ဖီလုပ်ငန်းရှင် ဦးဇေယျာမင်းက ပြောသည်။
သို့ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တစ်နိုင် တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ပြည်တွင်း/ ပြည်ပ အသုံးချနိုင်သည့် အရည်အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ     ဒေသစီးပွား၊ နိုင်ငံ့စီးပွား တိုးတက်အောင် ကြိုးပမ်းလျက် ရှိပါ ကြောင်း တင်ပြလိုက်ရပါသည်။    ။