တောင်ကြီး ဇွန် ၁၉
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲက လည်း မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်စေရန် လိုအပ်ကြောင်း၊ ဥပဒေ ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းမှုပြုလျက်ရှိကြောင်း၊ ဥပဒေအရာရှိများသည် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ် ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတို့တွင် ပါဝင် ဆောင်ရွက်ကြသူများဖြစ်ပြီး အစိုးရအဖွဲ့မှစ၍ သက်ဆိုင်ရာဌာနအသီးသီးတို့တွင် ဥပဒေရေးရာ ကိစ္စများအပေါ် ဥပဒေအရာရှိများ၏ အကြံပြုချက် ကို ရယူဆောင်ရွက်ကြရန် အခြားတစ်ဖက်တွင် လည်း ဥပဒေကိုချိုးဖောက်မှုရှိခဲ့ပါက ဥပဒေအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း၊ ဥပဒေကို လိုက်နာမည်ဆိုပါက ဥပဒေ၏အကာအကွယ်ရရှိ မည်ဖြစ်ပြီး ဥပဒေကို ချိုးဖောက်ပါက အရေးယူခြင်း ခံရမည်ဖြစ်သည့်အတွက် မျှတမှုရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့်အတွက် ဒေသခံတိုင်းရင်းသားများ နှင့် သဟဇာတဖြစ်အောင် နေထိုင်ကြရန်၊ ပြည်နယ် အတွင်း ကျရာဒေသတွင် တာဝန်ထမ်းဆောင်စဉ် ဖြစ်ပေါ်လာသည့် အခက်အခဲ၊ အတွေ့ကြုံရသည့် ထူးခြားဖြစ်စဉ်အပေါ် ပြည်နယ်ဥပဒေအရာရှိမှ တစ်ဆင့် ပြည်နယ်ဥပဒေချုပ်ထံ တင်ပြနိုင်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဥပဒေအရာရှိများ တွေ့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ဆွေးနွေးကြ သည်။ ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အမှာစကား ပြောကြားပြီး ပြည်နယ်ဥပဒေ အရာရှိ ဦးဇော်ဇော်ထွေးက ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပြီး တက်ရောက်လာ ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ/ခရိုင် ဥပဒေအရာရှိများက ဆွေးနွေးတင်ပြရှင်းလင်းကြရာ ဆွေးနွေးတင်ပြမှုအပေါ် ပြန်လည်ရှင်းလင်းကာ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက တင်ပြဆွေးနွေး မှုအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားသည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် ထပ်ဆင့်ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ဒုတိယပြည်နယ်၊ ဒုတိယ ခရိုင်၊ ဒုတိယမြို့နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ ခရိုင်ဥပဒေအရာရှိ စုစုပေါင်း ၅၉ ဦး တက်ရောက်ကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)



