ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်   ၈    ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ    ၂၈     ရက်)
ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်တွေ့ရှိမှု၊ လွန်ခဲ့သော (၁၄)ရက်အတွင်း လူဦးရေ တစ်သိန်းလျှင် ဓာတ်ခွဲအတည်ပြုလူနာ  တွေ့ရှိမှုနှုန်းနှင့်  ပိုးတွေ့ ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီး/ပြည်နယ်       (၉)ခုမှ အောက်ဖော်ပြပါမြို့နယ် (၄၆)မြို့နယ်ရှိ စာသင်ကျောင်းများကို ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ပြီး ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ၁-၁၁-၂၀၂၁ ရက်နေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(၁)	ကချင်ပြည်နယ်
	(က)	နောင်မွန်းမြို့နယ်၊
	( ခ)	ပူတာအိုမြို့နယ်၊
	( ဂ)	ဗန်းမော်မြို့နယ်၊
	(ဃ)	မိုးကောင်းမြို့နယ်၊
	( င)	မိုးညှင်းမြို့နယ်၊
	( စ)	ချီဖွေမြို့နယ်။				
(၂)	ကယားပြည်နယ်
	(က)	ဖားဆောင်းမြို့နယ်၊
	( ခ)	ဘောလခဲမြို့နယ်၊
	( ဂ)	မယ်စဲ့မြို့နယ်။		
(၃)	ကရင်ပြည်နယ်
	(က)	ဖာပွန်မြို့နယ်၊
	( ခ)	သံတောင်ကြီးမြို့နယ်။
(၄)	ချင်းပြည်နယ်
	(က)	ဖလမ်းမြို့နယ်၊
	( ခ)	ဟားခါးမြို့နယ်။
(၅)	စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်။
(၆)	မကွေးတိုင်းဒေသကြီး
	(က)	ဆောမြို့နယ်၊
	( ခ)	ထီးလင်းမြို့နယ်၊
	( ဂ)	ကံမမြို့နယ်၊
	(ဃ)	ဆင်ပေါင်ဝဲမြို့နယ်။
(၇)	မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်။
(၈)	ရခိုင်ပြည်နယ်၊ ဂွမြို့နယ်။
(၉)	ရှမ်းပြည်နယ်
	(က)	နောင်ချိုမြို့နယ်၊
	( ခ)	ကျိုင်းတုံမြို့နယ်၊
	( ဂ)	မိုင်းဖြတ်မြို့နယ်၊
	(ဃ)	မိုင်းယောင်းမြို့နယ်၊
	( င)	ဆီဆိုင်မြို့နယ်၊
	( စ)	ပင်းတယမြို့နယ်၊
	(ဆ)	ပင်လောင်းမြို့နယ်၊
	( ဇ)	ရပ်စောက်မြို့နယ်၊
	( ဈ)	ဟိုပုံးမြို့နယ်၊
	(ည)	ကွတ်ခိုင်မြို့နယ်၊
	( ဋ)	နမ့်ခမ်းမြို့နယ်၊
	( ဌ)	မဘိမ်းမြို့နယ်၊
	( ဍ)	မိုင်းဆတ်မြို့နယ်၊
	( ဎ)	မိုင်းတုံမြို့နယ်၊
	(ဏ)	ကွမ်းလုံမြို့နယ်၊
	(တ)	လားရှိုးမြို့နယ်၊
	(ထ)	သိန္နီမြို့နယ်၊
	( ဒ)	မိုးနဲမြို့နယ်၊
	( ဓ)	မိုင်းပန်မြို့နယ်၊
	( န)	မောက်မယ်မြို့နယ်၊
	( ပ)	လင်းခေးမြို့နယ်၊
	( ဖ)	ကွန်ဟိန်းမြို့နယ်၊
	( ဗ)	နမ့်စန်မြို့နယ်၊
	(ဘ)	မိုင်းရှူးမြို့နယ်၊
	( မ)	လဲချားမြို့နယ်၊
	(ယ)	လွိုင်လင်မြို့နယ်။
      
  Type
              
          
      


