
နေပြည်တော် ဒီဇင်ဘာ ၆
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သား ဆရာ ဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်း လုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကာကွယ် ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ် အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိ သည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ဆေးတစ်လုံးလျှင် လူ ငါးဦးထိုးနှံနိုင်သည့် Sinopharm ကာကွယ်ဆေးနှင့် လူနှစ်ဦး ထိုးနှံနိုင်သည့် Sinovac ကာကွယ် ဆေးများကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Sinopharm ဆေး အလုံး ၉၅၀၀ ၊ သံတွဲမြို့သို့ Sinopharm ဆေးအလုံး ၆၅၀၀၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့သို့ Sinopharm ဆေးအလုံး ၆၀၀၀ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ Sinopharm ဆေးအလုံး ၁၄၀၀၀၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့သို့ Sinovac ဆေး ၇၉၁ လုံးနှင့် Sinopharm ဆေးအလုံး ၁၄၁၆၀၊ မြိတ်မြို့သို့ Sinovac ဆေး ၃၆၃၆ လုံးနှင့် Sinopharm ဆေးအလုံး ၂၈၀၀၀၊ ကော့သောင်းမြို့သို့ Sinovac ဆေး ၉၇၁ လုံးနှင့် Sinopharm ဆေးအလုံး ၅၈၄၀ တို့ကို တပ်မတော် လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်