တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော် အောက်တိုဘာ  ၂၂


ကိုဗစ်-၁၉  ရောဂါ    ကာကွယ် ဆေးများကို   သတ်မှတ်အအေး လမ်းကြောင်း     စံချိန်စံညွှန်းများ အတိုင်း      တပ်မတော်(လေ)မှ လေယာဉ်များ၊    မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း ၌ထားရှိသော    ဆေးတစ်လုံးလျှင် ငါးဦးထိုးနိုင်သည့်   Sinopharm ဆေးများကို   မြစ်ကြီးနားမြို့သို့ ဆေးအလုံးပေါင်း  ၇၁၂၀၊ ကျိုင်းတုံ မြို့သို့ ဆေးအလုံးပေါင်း ၇၄၃၂လုံး၊ လားရှိုးမြို့သို့ ဆေးအလုံးပေါင်း ၂၄၂၁၅ လုံး၊   လွိုင်ကော်မြို့သို့  ဆေးအလုံးပေါင်း ၁၈၁၂ လုံး၊ မုံရွာ မြို့သို့ ဆေးအလုံးပေါင်း ၈၄၇ လုံး၊ ကလေးမြို့သို့ ၇၁၉၂ လုံး၊ စစ်တွေ မြို့သို့ ဆေးအလုံးပေါင်း၂၁၈၅၁  လုံး၊   သံတွဲမြို့သို့    ဆေးအလုံး ပေါင်း ၁၄၇၄၃ လုံး၊   မြိတ်မြို့သို့ ဆေးအလုံးပေါင်း  ၉၂၄၁  လုံး၊ ထားဝယ်မြို့သို့ ဆေးအလုံးပေါင်း ၇၁၄၄ လုံးနှင့် ကော့သောင်းမြို့သို့ ဆေးအလုံးပေါင်း ၂၃၆၂ လုံးတို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်များဖြင့် ပို့ဆောင်ပေး ခဲ့ရာ တာဝန်ရှိသူများက   လက်ခံ ရယူခဲ့ကြောင်းနှင့်   သက်ဆိုင်ရာ သို့   ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း     သတင်းရရှိ သည်။                      

သတင်းစဉ်