တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင် 


 

နေပြည်တော် ဇန်နဝါရီ   ၁၁
တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သား ဆရာဝန် များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍   အင်တိုက်အားတိုက်  ဆောင် ရွက်ပေးလျက်ရှိရာ  ၎င်းလုပ်ငန်း များတွင်  အထောက်အကူဖြစ်စေ ရန်အတွက်  ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးသို့   သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း    တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery   Logistics  မော်တော် ယာဉ်ကြီးများဖြင့်      ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း မှ ဆေးတစ်လုံးလျှင် ငါးယောက် ထိုးနိုင်သော      Sinopharm ကာကွယ်ဆေးနှင့် ဆေးတစ်လုံး လျှင် ၁၀ ယောက် ထိုးနိုင်သော Covaxin ကာကွယ်ဆေးများအား ကလေးမြို့သို့     Sinopharm ကာကွယ်ဆေး    အလုံး  ၄၀၀၊  Covaxin ကာကွယ်ဆေး  အလုံး ၁၂၀၀ နှင့် ဆေးရုံသုံးပစ္စည်းများ၊ မုံရွာမြို့သို့  Covaxin ကာကွယ် ဆေး အလုံး   ၂၀၀ နှင့်      ဆေးရုံသုံး ပစ္စည်းတို့ကို      တပ်မတော် လေယာဉ်များဖြင့်   ဆက်လက် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြောင်း နှင့် သက်ဆိုင်ရာသို့   ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      
သတင်းစဉ်