တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် အောက်တိုဘာ  ၂၁
တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေးအသက် ၅၅ နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊  အကျဉ်းသူများ၊ မသန်စွမ်းသူများ၊   တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ  သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍      တပ်မတော်မှ ဆေးအဖွဲ့များ၊     ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး      ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ရှမ်းပြည်နယ် (မြောက်ပိုင်း)  ချင်းရွှေဟော်မြို့၊ ကျောက်မဲမြို့နှင့်  သီပေါမြို့တို့၌ ဒေသခံပြည်သူ  ၁၀၁၉ ဦး၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၀၅ ဦး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်း၌  ဒေသခံပြည်သူ    ၄၅၀၂     ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ်၌ ဒေသခံပြည်သူ ၂၁၅၉ ဦး၊        ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ    ၇၆၅၀၊    ဧရာ ဝတီတိုင်းဒေသကြီး       အတွင်းရှိ မြို့နယ်   ၂၆   မြို့နယ်၌   ဒေသခံ ပြည်သူ   ၁၈၉၈၂   ဦး၊   မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်တို့၌      ဒေသခံပြည်သူ ၁၄၈၂၀၊     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နှင့်   ထန်းတပင် မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၅၀  တို့ကို  တပ်မတော်မှ   ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး           ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေး ခြင်းများ    ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
ထို့အတူ      ကျောင်းများ ဖွင့်လှစ်စဉ် ကျောင်းသား ကျောင်း သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးနှင့်      ကာကွယ် ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရေးတို့အတွက်  ကျောင်းသား ကျောင်းသူများကို     ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ  ထိုးနှံ ပေးလျက်ရှိရာ  ယနေ့တွင်  ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ    မြို့နယ်      လေးမြို့နယ်၌ ကျောင်းသား  ကျောင်းသူ  ၁၇၇၅ ဦး၊        ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၃၃၁၃ ဦး၊        မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၁၆၅၀၀ နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ်၌ ကျောင်းသား ကျောင်း သူ   ၁၂၉၀  တို့ကို    တပ်မတော် ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး      ဝန်ထမ်းများ၊ စေတနာ့         ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို    သက်ဆိုင်ရာ   တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်