
နေပြည်တော် အောက်တိုဘာ ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာ ရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၅၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၉၃၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၅၁၈၈၆ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံ ပြည်သူ ၇၅၂၀ ၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ်၌ ဒေသခံပြည်သူ ၃၆၀ တို့ကို တပ်မတော် ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများ စာသင် နှစ် တစ်နှစ်နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်း များ ဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေး တို့အတွက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်နှင့် ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၆၈၆၈ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၁၇၅၄၀ တို့ကို တပ်မတော် ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်