တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်  စက်တင်ဘာ   ၂၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက  အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို  တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊      သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ    အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် (၅၅)နှစ်နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊  နာတာ ရှည်ရောဂါ အခံရှိသူများ၊ ကယ် ဆယ်ရေး  စခန်းများနှင့်   ယာယီ တိုက်ပွဲရှောင်   စခန်းများတွင်ရှိ ပြည်သူများ  စသည့်ဦးတည် အုပ်စု ၁၆ စု  သတ်မှတ်၍  ကိုဗစ်- ၁၉  ရောဂါ      ကာကွယ်ဆေးများ ကို နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။ 
ယနေ့တွင်လည်း      ရှမ်း ပြည်နယ် (မြောက်ပိုင်း) အတွင်း ရှိ    မြို့နယ်  လေးမြို့နယ်တို့၌ ၁၈၀၇  ဦး၊       ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ  မြို့နယ် ငါးမြို့နယ်တို့၌ ၁၇၂၆ ဦး၊ မိုင်းတုံ မြို့နယ်  ခိုင်းလုံကျေးရွာရှိ ဒေသခံ ‘ဝ’  တိုင်းရင်းသား  ၁၉၃၀၊   မွန် ပြည်နယ်နှင့်      ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ၁၅၁၆၈ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ် တို့၌    ၃၀၁၉ ဦး၊  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ      မြို့နယ် လေးမြို့နယ်တို့၌ ၂၇၉၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၁၈  မြို့နယ်တို့၌    ၁၂၃၃၅ ဦး၊ ရခိုင်ပြည်နယ်နှင့်  ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ၁၅၉၇၂ ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊    ဆားလင်းကြီးမြို့နယ်၌ ၇၉ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခရိုင်အတွင်း၌ ၁၂၀၄၆ ဦးတို့ကို   တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင် ရာ    ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ  ဆောင် ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တာဝန်ရှိသူများက သွားရောက်   ကြည့်ရှုအားပေးပြီး လိုအပ်သည်များ  ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။                       သတင်းစဉ်