တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေး ထိုးနှံခြင်းကို     ဆောင်ရွက်လျက်ရှိရာ     ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံပြည်သူ ၅၁၂ ဦးနှင့်  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်တို့၌    ဒေသခံပြည်သူ   ၁၃၁၄  ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့အတူ    ကျောင်းသား   ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်  ၂၆ မြို့နယ်တို့၌ ကျောင်းသား  ကျောင်းသူ ၁၄၉၉ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ    ခရိုင်ခုနစ်ခရိုင်တို့၌  ကျောင်းသား ကျောင်းသူ ၁၁ ဦးကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်