တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်   နိုဝင်ဘာ  ၁


တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးတို့၌      ကာကွယ်ဆေး ထိုးနှံခြင်းကို     ဆောင်ရွက်လျက်ရှိ ရာ  ယနေ့တွင်  ရန်ကုန်တိုင်းဒေသ ကြီး    ရန်ကင်းမြို့နယ်နှင့် တာမွေ မြို့နယ်၌   ဒေသခံပြည်သူ   ၁၂၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်  ၂၆  မြို့နယ်၌   ဒေသခံ ပြည်သူ   ၄၂၃၀  နှင့်   မန္တလေး တိုင်းဒေသကြီးအတွင်းရှိ       ခရိုင် ခုနစ်ခုမှ   ဒေသခံပြည်သူ  ၁၅၃၄ ဦးတို့ကို  တပ်မတော်မှ  ဆေးအဖွဲ့ များက       ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊          သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများနှင့်       ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း     ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ    ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်     ခုနစ်ခုမှ     ကျောင်းသား ကျောင်းသူ  ၂၈၀ တို့ကို တပ်မတော် မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်       ပူးပေါင်း၍ ကိုဗစ်- ၁၉   ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့ပြင်    ကိုဗစ်-၁၉    ရောဂါ ထိန်းချုပ်         ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နှာခေါင်းစည်းများကို  ပြည်သူများ လက်ဝယ်အရောက်    တိုင်းစစ်ဌာန ချုပ်အသီးသီးမှ     တာဝန်ရှိသူများ က       အခမဲ့ပေးဝေလှူဒါန်းလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ  မြို့နယ် ၄၄ မြို့နယ် ၌  စာသင်ကျောင်းများ၊   ဈေးများ၊ လမ်းများ၊     မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ       နေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/ မြို့နယ်     စီမံအုပ်ချုပ်ရေး အဖွဲ့မှ    တာဝန်ရှိသူများ၊   ဌာန ဆိုင်ရာ   ဝန်ထမ်းများ၊    ပရဟိတ အဖွဲ့များနှင့်  ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအတွက် အသိပညာပေး     ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းများ   တပ်ဆင်ပြီး သွားလာကြရန်     လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများအား ဒေသခံ ပြည်သူများ    လက်ဝယ်အရောက် အခမဲ့ပေးဝေ  လှူဒါန်းကြကြောင်း  သတင်းရရှိသည်။      

သတင်းစဉ်