တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇူလိုင်   ၉


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌    သံဃာတော်များ၊   သာသနာ့နွယ်ဝင်  သီလရှင်များ၊    ဘာသာရေး   ခေါင်းဆောင်များ အပါအဝင်    လူမျိုးမရွေး  ဘာသာ မရွေး    အသက် ၄၀ အထက်    ဒေသခံပြည်သူများ၊ အကျဉ်းသား၊   အကျဉ်းသူများ၊ မသန်စွမ်းသူများ၊   တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊    ကယ်ဆယ်ရေးစခန်းများ၊       ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ  ပြည်သူများ၊  အသက် ငါးနှစ်မှ ၁၂  နှစ်အထက်   အခြေခံ ပညာမူလတန်း၊      အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်    ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ  ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊     သူနာပြု များ၊    ကျန်းမာရေးဝန်ထမ်းများ နှင့်    စေတနာ့ဝန်ထမ်းများက    ကာကွယ်ဆေးထိုးခြင်း   လုပ်ငန်း များကို       ဆောင်ရွက်ပေးလျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၇၂၈၆ ဦး၊ ရခိုင်ပြည်နယ်နှင့်  ချင်းပြည်နယ် အတွင်းရှိ   မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ   ၁၀၂၂   ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌   ဒေသခံပြည်သူ ၃၆၄၈၃ ဦးတို့ကို   တပ်မတော်မှ ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊   သက်ဆိုင်  ရာ     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ      ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ကျောင်း သား၊  ကျောင်းသူ  ၃၂၅၅၀ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌  ကျောင်းသား၊ ကျောင်းသူ   ၁၆၇၂   ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ    ကျန်းမာရေးဝန် ထမ်းများ၊  စေတနာ့ဝန်ထမ်းများ နှင့်ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ယင်းသို့  ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ  တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအား ပေးပြီး  လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်       ပေးကြကြောင်း သတင်းရရှိသည်။          

သတင်စဉ်