တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဒီဇင်ဘာ    ၁၈


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး     ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀   အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း      လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ရှိ မြို့နယ် ၁၆ နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၇၅၀(အောက်ပုံ)၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ  မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၂၀၀၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၅၀၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ဒေသခံ ပြည်သူ ၃၇၃၈ ဦး၊ ဧရာဝတီတိုင်း  ဒေသကြီးအတွင်းရှိ      မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၉၉၁၅ ဦး၊ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၃၀၀၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၌ ဒေသခံ ပြည်သူ ၂၀၀၀၊   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၈၄၂၀ နှင့် ပဲခူး တိုင်းဒေသကြီး  တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၂၆၀ တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ 

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ရှိ မြို့နယ် သုံးမြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၆၆၀၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)     မိုင်းယန်းမြို့၌ ကျောင်းသား ကျောင်းသူ   ၃၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၁၃၇၇ ဦးတို့ကို တပ်မတော်မှ    ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။


သတင်းစဉ်