တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော် ဒီဇင်ဘာ  ၆
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊          သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊   နာတာရှည် ရောဂါအခံရှိသူများ၊     ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များစသည့်     ဦးတည်အုပ်စုများ     သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့    ဆောင်ရွက်လျက်ရှိရာ       ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ            မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၉၃၂ ဦး၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ သံဃာတော်များနှင့်     ဒေသခံပြည်သူ ၁၈၃၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ် တို့၌ ဒေသခံပြည်သူ ၂၁၀၀ ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၄၀၀၆ ဦး(အပေါ်ပုံ)   ရခိုင်ပြည်နယ်အတွင်းရှိ    မြို့နယ် ကိုးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၀၃၁၆ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး    ခန္တီးမြို့ အကျဉ်းဦးစီးဌာန၊ ခန္တီး အကျဉ်းထောင်၌ အကျဉ်း သား/ အကျဉ်းသူ ၅၆ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ          ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၇၇၄၅ ဦးနှင့်    ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်၌  သံဃာတော် များနှင့် ဒေသခံပြည်သူ ၆၇၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ ဝန်ထမ်းများနှင့်    ပူးပေါင်း၍    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။ 
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ထိုးနှံပေးလျက် ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့၌ ကျောင်းသား ကျောင်းသူ ၂၀၀ ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ      မြို့နယ်သုံးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၇၈ ဦး၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ      မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၀၃၃ ဦး၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့်     မောင်တောမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၈၃၂ ဦး၊  ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၇၀၀ တို့ကို တပ်မတော်မှ  ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ     ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ ဝန်ထမ်းများနှင့်   ပူးပေါင်း၍   ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ   ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ      တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။                       သတင်းစဉ်