တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဒီဇင်ဘာ    ၃


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်  ၄၀   အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ   တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊   အသက် (၁၂)နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့်    အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍       တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ ဆရာဝန်များ၊    သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၀၁ ဦး၊      ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ   မြို့နယ် ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၈၁၂  ဦး၊     မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆  မြို့နယ်တို့၌ သံဃာတော် များနှင့် ဒေသခံပြည်သူ ၂၄၅၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၃၄၈ ဦး၊ ဧရာ ဝတီတိုင်းဒေသကြီး   အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၁၉၉၃ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀  မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၅၆၆၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ်၌   ဒေသခံပြည်သူ ၁၉၀၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ   ခရိုင်ခုနစ်ခုမှ ဒေသခံ ပြည်သူ ၇၅၄၀ နှင့်   ပဲခူးတိုင်း ဒေသကြီး  အုတ်တွင်းမြို့နယ်၌  ဒေသခံပြည်သူ  ၁၇၀၀  တို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေး ခြင်းများ    ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်၌    ကျောင်းသား ကျောင်းသူ ၃၃၄ ဦး၊ ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်နှင့်   သန်လျင်မြို့နယ်တို့၌ ကျောင်းသား  ကျောင်းသူ ၂၁၆၉ ဦး၊   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား  ‌ကျောင်းသူ ၂၁၇၀၊ ရခိုင်ပြည်နယ်       မောင်တော မြို့နယ်နှင့်      ချင်းပြည်နယ်  ပလက်ဝမြို့တို့၌ ကျောင်းသား ကျောင်းသူ ၁၃၀၄ ဦး၊   ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၇၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု   အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။            

သတင်းစဉ်