
နေပြည်တော် စက်တင်ဘာ ၁
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်း သားပြည်သူများနှင့် အကျဉ်း ထောင်များ၌ ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား အကျဉ်းသူ အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေး နှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့နယ် ပေါင်း ခုနစ်မြို့နယ်ရှိ သံဃာတော် များ၊ သာသနာ့နွယ်ဝင် သီလရှင် များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၆၈၂၁ ဦးတို့ကို လည်း ကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့တို့ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၅၂၄ ဦးတို့ကို လည်းကောင်း၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိမြို့နယ် ၁၆ မြို့နယ်မှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၅၅၉၅ ဦး တို့ကို လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၄၆၀၀ တို့ကို လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၀၃ ဦးတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၆၅၅၂ ဦးတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ လူမျိုး ၇၅၄ ဦး၊ ကျောက်တော်မြို့ နယ်နှင့် ပေါက်တောမြို့နယ်များမှ တိုက်ပွဲရှောင်ပြည်သူများ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့မှ သံဃာတော် များ၊ စေတနာ့ဝန်ထမ်းများ၊ အကျဉ်းသား အကျဉ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၂၀၂၇ ဦး တို့ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ နယ်မြေခံတပ်မတော်သားများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် အကျဉ်းသား အကျဉ်းသူများ စုစုပေါင်း ၁၆၁ ဦးတို့ကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၈၅၄၇ ဦးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၈၄၈ ဦးတို့ကို လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြောင်း သတင်းရရှိ သည်။
သတင်းစဉ်