တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဒီဇင်ဘာ  ၁


တိုင်းဒေသကြီးနှင့်      ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ  အပါအဝင် လူမျိုး မရွေး၊  ဘာသာမရွေး အသက်  ၄၀နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊   နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊   ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ    ဆရာဝန်များ၊ သူနာပြုများ၊   ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် သုံး မြို့နယ်တို့၌   ဒေသခံပြည်သူ ၁၁၄၄ ဦး၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ် တို့၌ ဒေသခံပြည်သူ ၇၀၅၄ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၄ မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၆၈၈၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေး မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၉၆၈ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၁၀၈၄ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၄၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ ဒေသခံ ပြည်သူ ၂၇၀၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၉၆၅၄ ဦးနှင့် ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌  ဒေသခံ ပြည်သူ ၅၂၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

 


ထို့အတူ ကျောင်းသား ကျောင်းသူများကို လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ‌ကျောင်းသူ ၅၉၄၇  ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့၌ ကျောင်းသား ကျောင်းသူ ၁၇၈ဦးတို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊  သက်ဆိုင်ရာ    ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်  ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း       ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်