တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော် နိုဝင်ဘာ  ၃၀
တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊   သာသနာ့နွယ်ဝင်သီလရှင် များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး  ဘာသာမရွေး    အသက် ၄၀ အထက်    ဒေသခံပြည်သူများ၊  အကျဉ်းသား အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊    နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ     တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူများစသည့်  ဦးတည် အုပ်စုများသတ်မှတ်၍   တပ်မတော်မှ   ဆေး အဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက  ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို    ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲမြို့၌ ဒေသခံပြည်သူ ၃၃၃ ဦး၊     ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ   မြို့နယ်ခြောက်မြို့နယ် တို့၌ ဒေသခံပြည်သူ ၂၃၅၀ ၊  မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် တို့၌    သံဃာတော်များနှင့်    ဒေသခံပြည်သူ ၁၂၄၃၅ ဦး၊    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌     ဒေသခံပြည်သူ ၈၃၇၅ ဦး၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံပြည်သူ ၈၉၂၅ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ် တို့၌ ဒေသခံပြည်သူ ၅၃၂၁ ဦး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၄၀ ၊   မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံ ပြည်သူ ၈၅၆၀ နှင့်          ပဲခူးတိုင်းဒေသကြီး အတွင်းရှိ   မြို့နယ်သုံးမြို့နယ်တို့၌  ဒေသခံ ပြည်သူ ၅၂၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက  ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
ထို့အတူ ကျောင်းသား ကျောင်းသူများ ကိုလည်း   ကိုဗစ်-၁၉ ရောဂါ   ကာကွယ် ဆေးများ   ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ    မြို့နယ် ၂၆ မြို့နယ်တို့၌  ကျောင်းသား ကျောင်းသူ ၂၀၅၀  ၊   ရခိုင်ပြည်နယ်  မြောက်ဦးမြို့နှင့် ချင်းပြည်နယ်  ပလက်ဝမြို့တို့၌ ကျောင်းသား ကျောင်းသူ ၇၇၂ ဦးတို့ကို တပ်မတော်မှ ဆေး အဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်  ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့        ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ       တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများက     သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ     ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း      သတင်းရရှိ သည်။ 
သတင်းစဉ်