
နေပြည်တော် အောက်တိုဘာ ၂၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင် များအပါအဝင် လူမျိုးမရွေး၊ ဘာသာ မရွေး အသက် ၅၅ နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ၊ အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌ ဒေသခံပြည်သူ ၁၃၁၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ဒေသခံပြည်သူ ၁၀၇၀၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ဒေသခံပြည်သူ ၄၀၆၆၂ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၄၃၄၆ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၄၉၆၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၁၄၇၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၈၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၁၁၂၆၀၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နှင့် မိုးညိုမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၀၆၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ အခြေခံပညာကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေး တို့အတွက် ကျောင်းသား ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၇၂၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပလောက် မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၇၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၁၅၉၈ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၁၄၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၈၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၂၁၂၅၃ ဦးတို့ကို တပ်မတော်မှဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်