တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော်   ဇန်နဝါရီ   ၇


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊  သာသနာ့နွယ်ဝင်    သီလရှင်များ၊  ဘာသာရေး    ခေါင်းဆောင်များ အပါအဝင်  လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊     အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၊     နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ     တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ    ပြည်သူများ၊   အသက် ၁၂ နှစ်အထက်    အခြေခံပညာ အလယ်တန်းနှင့်    အထက်တန်း အဆင့် ကျောင်းသား  ကျောင်းသူ များ စသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍     တပ်မတော်မှ ဆေးအဖွဲ့များ၊     ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့်    စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်မြောက် ပိုင်းအတွင်းရှိ      မြို့နယ် ၁၅ မြို့နယ်တို့၌      ဒေသခံပြည်သူ ၄၂၅၈ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွင်းရှိ   မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ     ၁၇၆၆   ဦး၊ တနင်္သာရီတိုင်းဒေသကြီး     မြိတ် မြို့နယ်၌  ဒေသခံပြည်သူ ၈၁၈၉ ဦး၊      ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်‌လေးမြို့နယ်တို့၌    ဒေသခံပြည်သူ ၅၆၃၀ ၊   ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တို့၌     ဒေသခံပြည်သူ ၄၀၂၆၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌   ဒေသခံ ပြည်သူ ၆၇၁၅ ဦး၊  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ခရိုင်ခုနစ်ခု တို့မှ   ဒေသခံပြည်သူ ၉၄၂၀ ၊  ပဲခူး တိုင်းဒေသကြီး           တောင်ငူမြို့နှင့်  ထန်းတပင်မြို့နယ်တို့၌  သံဃာ တော် နှစ်ပါး၊ ဒေသခံပြည်သူ ၅၈၇ ဦးတို့ကို   တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေး            ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။ 

 


ထို့အတူ    ကျောင်းသား ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ     ယနေ့တွင်    ရှမ်းပြည်နယ်        မြောက်ပိုင်း ကွမ်းလုံမြို့နှင့်    မိုင်းရယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၂၈၇ ဦး၊ ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ် မြို့၌  ကျောင်းသား ကျောင်းသူ လေးဦး၊    ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ  မြို့နယ် ၂၆ မြို့နယ် တို့၌ ကျောင်းသား   ကျောင်းသူ   ၇၂၃  ဦးတို့ကို    တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊           စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍   ကိုဗစ်- ၁၉ ရောဂါ  ကာကွယ် ဆေးထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ  တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း   သတင်း ရရှိသည်။                

  သတင်းစဉ်