
နေပြည်တော် အောက်တိုဘာ ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်း သူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ် ၌ ဒေသခံပြည်သူ ၃၂၀၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်၌ ဒေသခံ ပြည်သူ ၃၃၃၁၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၃၄၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခုနစ် မြို့နယ်တို့၌ ဒေသခံပြည်သူ ၉၉၄၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၇၇၂၈ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ကိုးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၄၄၀၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နှင့် ဆားလင်းကြီး မြို့၌ ဒေသခံပြည်သူ ၁၁၆၅ ဦး၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၈၆၄၀ နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် မိုးညို မြို့တို့၌ ဒေသခံပြည်သူ ၂၀၉၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများ စာသင် နှစ် တစ်နှစ်နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်း များ ဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးတို့ အတွက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၃၄၀၉ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၈၈၀၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့၌ ကျောင်းသား ကျောင်းသူ ၄၀၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင် တို့၌ ကျောင်းသား ကျောင်းသူ ၁၁၃၂၀ နှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၆၂၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်