
နေပြည်တော် ဇူလိုင် ၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေးကျောင်းများအား COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ဗုဒ္ဓဘာသာဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင် များ၏ ဘာသာအလိုက်ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများ တွင် သက်ဆိုင်ရာဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြား မြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများနှင့် ပြတိုက်များ ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ဈေးများ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်း ခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်