
နေပြည်တော် ဧပြီ ၃
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့ပြင် ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ် ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇ ထွဋ်လှိုင်ထွေး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယ òန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေး နိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်း လေ့လာရေးကိုယ်စားလှယ်အဖွဲ့ ၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ဘောလုံးဝါသနာရှင်ပရိသတ်များ တက် ရောက်ကြည့်ရှု အားပေးကြသည်။
တံခွန်စိုက်ဒိုင်းရရှိ
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မတ်၂၁ ရက်မှ ဧပြီ ၃ ရက်
ရက်အထိ ယှဉ်ပြိုင်ကစားကြရာ တတိယနေရာလု ပွဲစဉ်ကို ယနေ့နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြ ပြီး ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်း ကောင်း၊ ဗိုလ်လုပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အကောင်းဆုံးဂိုးသမားဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ယဉ်ယဉ်မိုးနိုင်၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသည့် ကရင်ပြည်နယ်အသင်းမှ နှင်းထက်ထက်ဝေ၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ နန်းချိုမွှေး၊ ရှေ့တန်းအကောင်းဆုံး အားကစား သမားဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ နန်းထက်ထက်ဝင်းနှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ စန်းစန်းမော်တို့ကို ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ငွေသားဆု ကျပ် ခုနစ်သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ဒုတိယဆု ရရှိသည့် ကရင်ပြည်နယ်အသင်းအား ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေ သကြီးအသင်းအား ငွေသားဆု ကျပ် ၁၅ သိန်း၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
သတင်းစဉ်