တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ  တိုက်ရိုက်ထုတ်လွှင့်မည်

 

 

နေပြည်တော် ဇူလိုင် ၅


၂၀၂၁ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်  ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်း ဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်မှုကို  ဇူလိုင် ၇ ရက် နံနက် (၇)နာရီတွင်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့်   မန္တလေးတိုင်းဒေသကြီးအသင်းတို့၏    ယှဉ်ပြိုင်မှုကို  မွန်းလွဲ(၃)နာရီတွင်လည်းကောင်း  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Channel၊ MRTV Sports Channelနှင့်     မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ    တိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။   
သတင်းစဉ်