တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်ဖြန့်ဖြူး


 

ရန်ကုန် သြဂုတ် ၂၄      


ရန်ကုန်မြို့  မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး  သိုလှောင်ခန်းတွင် ထားရှိသည့်  ကိုဗစ်ရောဂါကာကွယ်ဆေးများကို  စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးသို့  တပ်မတော် လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ဆေးပုံး လေးပုံး၊ ဆေးအလုံးရေ ၃၇၁၇ လုံး၊ မြိတ်မြို့သို့ ဆေးပုံး ရှစ်ပုံး၊ ဆေးအလုံးရေ ၆၅၉၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေး အလုံးပေါင်း ၈၃၉၀၊  ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း   ၃၈၆၅၀၊    မကွေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း  ၂၁၄၁၀၊  မန္တလေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း  ၃၃၃၈၀နှင့်    စစ်ကိုင်းတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၁၃၃၀တို့ကို   မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်း ကောင်း ဆက်လက်ဖြန့်ဖြူးပေးသည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော်(လေ) ပို့ဆောင်ရေးလေယာဉ်များ ဖြင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီး ဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်