
နေပြည်တော် နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ အင်တိုက်အားတိုက် ဆောင် ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာန ဗဟိုကာကွယ် ဆေးသိုလှောင်ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင် သော Sinopharm ဆေးများကို မန္တလေးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၁၃၂၆၉၅ လုံး၊ နေပြည်တော်ကောင်စီနယ်မြေ သို့ ကာကွယ်ဆေး အလုံးပေါင်း ၂၉၅၄၀၊ မုံရွာမြို့သို့ ကာကွယ် ဆေး အလုံးပေါင်း ၃၀၈၂၁ လုံး၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၅၂၃၆၀၊ ပုသိမ်မြို့ သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၅၈၃၅၃ လုံး၊ မော်လမြိုင်သို့ ကာကွယ်ဆေး အလုံးပေါင်း ၄၀၀၀၀၊ မကွေးမြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၁၀၀၄၉၂ လုံး၊ ရန်ကုန်တိုင်းဒေသကြီးသို့ ကာ ကွယ်ဆေးအလုံးပေါင်း ၂၁၇၇၅၇ လုံး၊ ပြည်မြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၄၈၆၄၅ လုံး၊ ပဲခူး တိုင်းဒေသကြီးသို့ ကာကွယ်ဆေး အလုံးပေါင်း ၆၉၃၈၃ လုံး၊ လားရှိုး မြို့သို့ ကာကွယ်ဆေးအလုံး ပေါင်း ၄၁၀၀၄ လုံး၊ ဘားအံ့မြို့ သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၄၀၀၀ လုံးတို့ကို Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေး ခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်