တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပို့ဆောင်

 

နေပြည်တော်   စက်တင်ဘာ   ၆


ကိုဗစ်-၁၉   ရောဂါ     ကာကွယ် ဆေးများကို     သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊   ရဟတ်ယာဉ် များ၊    Cold   Chain  Delivery Logistics   မော်တော်ယာဉ်ကြီး များဖြင့်    ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

 


ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး   ဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း ၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံနိုင်သော Sinovac နှင့် ဆေးတစ်လုံးလျှင် လူတစ်ဦး ထိုးနှံနိုင်သော Sinovac အမှတ် တံဆိပ်     ကာကွယ်ဆေးများကို ယနေ့တွင်   ဧရာဝတီတိုင်း​ဒေသ ကြီး    ပုသိမ်မြို့သို့​   ဆေးတစ်လုံး လျှင်   လူနှစ်ဦး   ထိုးနှံနိုင်သော Sinovac   ၁၅၃၃၇  လုံး၊    ဆေး တစ်လုံးလျှင် လူတစ်ဦး ထိုးနှံနိုင် သည့် Sinovac ၁၁၄၃၅ လုံးနှင့် ဆေးထိုးအပ်များ၊ ရန်ကုန်မြို့သို့ ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံ နိုင်သည့် Sinovac ၁၃၄၉၆ လုံး၊  ဆေးတစ်လုံးလျှင်   လူတစ်ဦး  ထိုးနှံနိုင်သော Sinovac ၁၀၀၃၇၅ လုံးနှင့်       ဆေးထိုးအပ်များကို   Cold   Chain   Delivery  Logis-ties မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့သည်။

 


အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသ ကြီးနှင့်    ပြည်နယ်များအလိုက် တာဝန်ရှိသူများက   လက်ခံခဲ့ကြပြီး    သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်