
နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေး တစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးများနှင့် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော Sinovac ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ သို့ Sinopharm ဆေး ၁၂၀၀၁၅ လုံး၊ ကရင်ပြည်နယ် ဘားအံမြို့သို့ Sino-pharm ဆေး အလုံး ၃၈၀၈၀ နှင့် Sinovac ဆေး ၃၃၄၉၈ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ Sinopharm ဆေး အလုံး ၁၆၃၀ နှင့် Sinovac အလုံး ၁၀၀၀၀၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့သို့ Sinopharm ဆေး အလုံး ၂၉၉၅၀ နှင့် Sinovac ဆေး ၁၄၆၃၆ လုံး၊ ပြည်မြို့သို့ Sinopharm ဆေး အလုံး ၂၃၉၆၀ နှင့် Sinovac ဆေး ၂၀၀၂၂ လုံး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ Sinopharm ဆေး အလုံး ၁၄၉၈၃၀နှင့် Sinovac ဆေး အလုံး ၅၇၂၀၀၊ မွန်ပြည်နယ် မော်လမြိုင် မြို့သို့ Sinovac ဆေး ၁၂၀၀၀ တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်