တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော် နိုဝင်ဘာ  ၂၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ် အအေးလမ်းကြောင်း      စံချိန် စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ  လေယာဉ်များ၊  Cold  Chain   Delivery   Logistics မော်တော်ယာဉ်ကြီးများဖြင့်   ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့  ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆေးတစ်လုံးလျှင်  ငါးယောက်ထိုး နိုင်သော Sinopharm ဆေး ၄၆၂၄ လုံး၊ သံတွဲမြို့သို့ Sinopharmဆေး ၁၀၈၀၊       ကယားပြည်နယ် လွိုင်ကော်မြို့သို့  Sinopharm ဆေး ၃၇လုံးနှင့်  ဆေးထိုးအပ် များ၊  ရှမ်းပြည်နယ်    (အရှေ့ပိုင်း)   ကျိုင်းတုံမြို့သို့  Sinopharm ဆေး ၂၄၅၄   လုံးနှင့်   ဆေးထိုးအပ် များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ Sinopharm ဆေး ၄၀၃၄ လုံး၊        ဆေးတစ်လုံး လျှင်    နှစ်ယောက်ထိုးနိုင်သော  Sinovac ဆေး ၅၀၀နှင့် ဆေးထိုး အပ်များ၊          ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့   Sinopharm ဆေး ၅၆၄ လုံး၊  Sinovac ဆေး ၇၅၀ နှင့်         ဆေးထိုးအပ်များ၊ တနင်္သာရီတိုင်းဒေသကြီး   မြိတ် မြို့သို့ Sinopharm ဆေး ၁၁၇၂ လုံးနှင့်             ဆေးထိုးအပ်များ၊ ကော့သောင်းမြို့သို့ Sinopharm ဆေး ၂၄၁၀ နှင့် ဆေးထိုးအပ်တို့ကို တပ်မတော်(လေ)မှ  ပို့ဆောင်ရေး လေယာဉ်များဖြင့်   ပို့ဆောင်ပေး ခဲ့ရာ  တာဝန်ရှိသူများက  လက်ခံ ရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်  ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း      သတင်းရရှိသည်။ 
သတင်းစဉ်