
နေပြည်တော် ဒီဇင်ဘာ ၂၉
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည် အုပ်စုများ သတ်မှတ်၍ တပ်မတော် မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၅ နယ်တို့၌ ဒေသခံပြည်သူ ၇၃၃၅ ဦး၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၀၃၅ ဦး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၁၂၁၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၆၅၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၉၉၄၅ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၉၅ဝ၊ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဆားလင်း ကြီးမြို့နယ်၌ ဒေသခံပြည်သူ ၂၀၅ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ ၈၈၃၆ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နှင့် နတ်တလင်းမြို့နယ်တို့၌ သံဃာ တော် ငါးပါး၊ ဒေသခံပြည်သူ ၅၃၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၂၂ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၆၉၀၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၄၉၃ ဦး၊ ရခိုင် ပြည်နယ် မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၃၄ ဦးနှင့် စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၌ ကျောင်းသားကျောင်းသူ ၂၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်