
နေပြည်တော် ဒီဇင်ဘာ ၁၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက် နှင့် ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ မြို့နယ် ၁၆ နယ်တို့၌ ဒေသခံပြည်သူ ၁၁၀၈၁ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မြို့နယ်ငါးမြို့နယ် တို့၌ ဒေသခံပြည်သူ ၁၀၄၀ ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၉၇၁၂ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၈၄၉၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၄၃၅၁ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၆၅၆၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၀၉၇၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံ ပြည်သူ ၉၉၄၂ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၉၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နှင့် နမ္မတူမြို့တို့၌ ကျောင်းသား ကျောင်းသူ ၂၄၆၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၉၁ ဦး၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြေပုံမြို့တို့၌ ကျောင်းသား ကျောင်းသူ ၅၆၀၀ နှင့် ပဲခူးတိုင်းဒေသ ကြီး ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်