တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဒီဇင်ဘာ  ၉


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်    သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက်   ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်း သူများ၊ မသန်စွမ်းသူများ၊  တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်   ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်း ရှိ ပြည်သူများ၊  အသက်  ၁၂ နှစ် အထက် အခြေခံပညာအလယ် တန်းနှင့်   အထက်တန်းအဆင့် ကျောင်းသား   ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ် မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့်   စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) ကျောက်မဲမြို့နှင့်   သီပေါ မြို့တို့၌ ဒေသခံပြည်သူ ၁၀၆၆ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ မြို့နယ်  ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၂၈ ဦး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ သံဃာ တော်များနှင့်   ဒေသခံပြည်သူ ၇၄၇၂ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့နယ်နှင့် ပုလောမြို့ နယ်တို့၌ ဒေသခံပြည်သူ ၅၈၃၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ဒေသခံ ပြည်သူ  ၉၆၇၉ ဦး၊    ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၆၆၆၇ ဦး၊ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်     ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ  ၈၁၂၉ ဦး၊ ပဲခူး တိုင်းဒေသကြီး အုတ်တွင်းမြို့နှင့် ထန်းတပင်မြို့တို့၌ ဒေသခံပြည်သူ ၁၄၄၂   ဦးတို့ကို    တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ 

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား   ကျောင်းသူ   ၅၃၂၄ ဦး၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်နှင့် မောင်တောမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၆၂ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ  ကျန်းမာ ရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်   ပူးပေါင်း၍   ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး   ထိုးနှံပေးသည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တာဝန်ရှိသူများက သွားရောက်  ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်