တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်   နိုဝင်ဘာ  ၁၅    
တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင်  လူမျိုးမရွေး  ဘာသာ မရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊    နာတာရှည်ရောဂါ    အခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ    ဆေး အဖွဲ့များ၊     ပြည်သူ့ဆေးရုံများ မှ     ဆရာဝန်များ၊      သူနာပြု များ၊  ကျန်းမာရေးဝန်ထမ်းများ နှင့်     စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို   ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ် တို့၌    ဒေသခံပြည်သူ   ၁၈၁၀၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ    မြို့နယ်   လေးမြို့နယ်တို့၌ ဒေသခံပြည်သူ  ၁၅၂၅ ဦး၊  မွန် ပြည်နယ်နှင့်    ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ သံဃာတော်များနှင့်    ဒေသခံ ပြည်သူ ၁၂၂၆၂ ဦး၊  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၉၀၊  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၇၁၄၂ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ     မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၄၈၂၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌     ဒေသခံ ပြည်သူ ၁၅၀၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ     ခရိုင်   ခုနစ်ခုမှ ဒေသခံပြည်သူ   ၈၄၅၀၊     ပဲခူး တိုင်းဒေသကြီး အုတ်တွင်းမြို့နှင့် ထန်းတပင်မြို့နယ်တို့၌   သံဃာ တော်များနှင့်   ဒေသခံပြည်သူ ၂၅၁၀ တို့ကို တပ်မတော်မှ ဆေး အဖွဲ့များက    ပြည်သူ့ဆေးရုံများ မှ     ဆရာဝန်များ၊     သက်ဆိုင် ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး  ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ      ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ     မြို့နယ်  သုံးမြို့နယ်တို့၌ ကျောင်းသား၊ကျောင်းသူ ၃၅၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်နှင့်  သန်လျင် မြို့နယ်တို့၌      ကျောင်းသား၊ ကျောင်းသူ ၁၆၄၄ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ  ၃၉၃  ဦး၊  စစ်ကိုင်း တိုင်းဒေသကြီး    ခန္တီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး နှင့် ပဲခူးတိုင်းဒေသကြီး  တောင်ငူ မြို့၌ ကျောင်းသား၊ ကျောင်းသူ ၈၀၀ (ဝဲပုံ)တို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက    ပြည်သူ့ဆေးရုံ များ မှ   ဆရာဝန်များ၊      သက်ဆိုင် ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး  ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်  ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                 သတင်းစဉ်