
နေပြည်တော် နိုဝင်ဘာ ၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်(၅၅)နှစ်နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများသတ်မှတ် ၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ဒေသခံ ပြည်သူ ၁၀၀၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့(အပေါ်ယာပုံ)နှင့် မိုင်းခတ်မြို့တို့၌ ဒေသခံပြည်သူ ၂၂၂၀၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၃၆၀၄၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ထားဝယ်မြို့တို့၌ ဒေသခံပြည်သူ ၄၅၄၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၁၃၃၄ ဦး၊ ရခိုင် ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၄၃ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၈၇၅၀ နှင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ဒေသခံ ပြည်သူ ၁၃၅၀ တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကို လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသား ကျောင်းသူ ၆၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၃၅၄ ဦး၊ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၁၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၈၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်