တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  နိုဝင်ဘာ  ၆    


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်  ၅၅  နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊  အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊   နာတာရှည် ရောဂါအခံရှိသူများ၊      ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ   သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံပေး


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့ တို့၌ ဒေသခံပြည်သူ   ၅၃၀ ၊ ရှမ်းပြည်နယ် (တောင် ပိုင်း) မိုင်းရှူးမြို့ မိုင်းအော့ကျေးရွာ၌ ဒေသခံပြည်သူ ၁၃၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၈၅၃ ဦး၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တို့၌  သံဃာတော်များနှင့်   ဒေသခံပြည်သူ ၃၈၃၆၉  ဦး၊   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်   ငါးမြို့နယ်၌  ဒေသခံပြည်သူ  ၈၇၆၁  ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ် တို့၌ ဒေသခံပြည်သူ ၂၃၆၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၈၅၆ ဦး၊ ရခိုင်ပြည်နယ် မြေပုံမြို့နှင့် ကျောက်တော် မြို့တို့၌ ဒေသခံပြည်သူ ၄၄၀၈ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့  အကျဉ်းဦးစီးဌာန၊  ခန္တီးအကျဉ်း ထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၅၆ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုမှ  ဒေသခံ ပြည်သူ ၈၈၂၀  နှင့်  ပဲခူးတိုင်းဒေသကြီး  တောင်ငူ မြို့နှင့် မိုးညိုမြို့တို့၌  ဒေသခံပြည်သူ ၂၇၈၀  တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၆၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နှင့် မိုင်းယန်းမြို့နယ်တို့၌  ကျောင်းသား  ကျောင်းသူ       ၄၄ ဦး၊  ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်အတွင်းရှိ ကျောင်းသား   ကျောင်းသူ  ၄၁   ဦး၊  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၄၁၀၂ ဦး(ဝဲပုံ)၊ ရခိုင်ပြည်နယ် မြေပုံ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ၁၁၂ ဦး နှင့်    ပဲခူးတိုင်းဒေသကြီး   ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၈၅၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်   ပူးပေါင်း၍  ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ   ဆောင်ရွက်ပေးသည်။

 


ကြည့်ရှုအားပေး


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်