တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  အောက်တိုဘာ  ၃၁


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များ     အပါအဝင်     လူမျိုးမရွေး ဘာသာမရွေး  အသက် ၅၅ နှစ်နှင့်အထက်  ဒေသခံ ပြည်သူများ၊   အကျဉ်းသား၊  အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ် ရေးစခန်းများ၊     ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ   ပြည်သူများ၊   အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စု များ   သတ်မှတ်၍     တပ်မတော်မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့     ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ     မြို့နယ် သုံးမြို့နယ်၌    ဒေသခံပြည်သူ ၂၅၆၅ ဦး၊   ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ် ၌ ဒေသခံပြည်သူ ၁၂၅၅ ဦး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌    ဒေသခံပြည်သူ  ၈၂၃၀၊ တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့နယ်၌ ဒေသခံ ပြည်သူ ၁၄၀၊   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၉၀၀၇ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၆၂၈၅ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး  ဆားလင်းကြီးမြို့နယ်၌   ဒေသခံ ပြည်သူ ၃၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၈၄၃၂၀ နှင့် ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၃၀၀ တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ    ဆရာဝန်များ၊    သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ အခြေခံပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများဖွင့်လှစ်စဉ် ကျောင်းသား  ကျောင်းသူများ  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့နှံ့မှု     မရှိစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးတို့အတွက် ကျောင်းသား ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ   ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၁၃၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ     ခရိုင် ခုနစ်ခရိုင်တို့၌    ကျောင်းသား ကျောင်းသူ ၉၉၅၄၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ     ဆရာဝန်များ၊     သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်    ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး  လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်