တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  အောက်တိုဘာ  ၉


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍ တွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်း သား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ် ရေးစခန်းများနှင့်  ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ စသည့်  ဦးတည်အုပ်စု ၁၆ စုသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ် ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့၌ ၁၅၁၆ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)   အတွင်းရှိ မြို့နယ်   ငါးမြို့နယ်တို့၌   ၇၈၆၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ၂၃၆၄၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ၉၃၉၀၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်တို့၌ ၂၀၂၂ ဦး၊ ဧရာဝတီတိုင်း  ဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် တို့၌ ၁၄၉၀၃ ဦး၊ ရခိုင်ပြည်နယ် စစ်တွေ  မြို့နယ်အတွင်းရှိ    ကယ်ဆယ်ရေးစခန်း များမှ ဘင်္ဂါလီ ၂၃၈ ဦးနှင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ၁၁၁၃၆ ဦး၊   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်   ခုနစ်ခရိုင်အတွင်း၌   ၅၇၃၄၂ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၁၀ မြို့နယ်တို့၌ ၂၂၇၅၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။


ယင်းသို့   ဆောင်ရွက်ပေးနေမှုများ    ကို   သက်ဆိုင်ရာမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်