တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်  အောက်တိုဘာ   ၄


ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည်   အဓိက  အခန်းကဏ္ဍတွင် ပါဝင်သည့်   လုပ်ငန်းတစ်ရပ်ဖြစ် သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊  သူနာပြုများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို       အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့  ဆောင်ရွက်လျက်ရှိရာ  သံဃာတော်များ၊      သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ         အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် (၅၅) နှစ်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာ ရှည်ရောဂါ            အခံရှိသူများ၊ ကယ်ဆယ်ရေး    စခန်းများနှင့်  ယာယီတိုက်ပွဲရှောင်စခန်းတွင်ရှိ        ပြည်သူများ  စသည့် ဦးတည်အုပ်စု (၁၆) စု သတ်မှတ်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို   နေ့စဉ်ထိုးနှံပေးလျက်    ရှိသည်။   ယနေ့တွင်လည်း   ရှမ်း ပြည်နယ်          (မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌  ၉၅၅ ဦး၊  ရှမ်း ပြည်နယ်   (အရှေ့ပိုင်း)   တာချီ လိတ်မြို့နယ်အတွင်းရှိ  ဒေသခံ  ‘ဝ’ တိုင်းရင်းသား ၁၂၀၀၊ ကျိုင်းတုံ မြို့ မိုင်းပျဉ်းမြို့နှင့် မိုင်းတုံမြို့တို့၌  ၁၉၆၀၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ      မြို့နယ် (၁၂)    မြို့နယ်တို့၌  ၈၀၆၄   ဦး၊       တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နယ်၌ ၁၃၁၈ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ       မြို့နယ် ငါးမြို့နယ်တို့၌   ၆၁၄၉     ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် (၁၁) မြို့နယ်တို့၌ ၅၆၁၉ ဦး၊ စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်တို့ရှိ ကယ်ဆယ်ရေးစခန်း များမှ  ဘင်္ဂါလီ ၁၅၀၆ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ် မြို့နယ်တို့၌ ၅၄၁၉ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်အတွင်း၌ ၃၈၅၂၀  တို့ကို  တပ်မတော်မှ    ဆေးအဖွဲ့ များက      ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သက်ဆိုင်ရာ     ကျန်းမာရေး         ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ        ဆောင်ရွက်ပေးနိုင် ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို  သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြကြောင်း    သတင်း ရရှိသည်။                   သတင်းစဉ်