တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   စက်တင်ဘာ    ၂၉


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌  တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်   စေတနာ့ဝန်ထမ်းများက   ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို  အင်တိုက်အားတိုက်  ဆောင်ရွက်ပေး လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊  သာသနာ့နွယ်ဝင်    သီလရှင်များ၊  ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်း သား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊   နာတာရှည်   ရောဂါအခံရှိသူများ၊    ကယ်ဆယ်ရေးစခန်း များနှင့်  ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိ   ပြည်သူများ စသည့်  ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက် ရှိသည်။   ယနေ့တွင်  ရှမ်းပြည်နယ်  မြောက်ပိုင်း အတွင်းရှိ   မြို့နယ် သုံးမြို့နယ်တို့၌  ၁၃၈၉ ဦး ၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း)  မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာရှိ  ဒေသခံ ‘ဝ’  တိုင်းရင်းသား    ၂၉၂၀၊   မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်အတွင်းရှိ  မြို့နယ်   ၁၁  မြို့နယ်တို့၌   ၁၀၈၅၀၊   တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့နယ်၌ ၄၃၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်  ခြောက်မြို့နယ်တို့၌ ၆၁၅၁ ဦး၊  ဧရာဝတီတိုင်းဒေသကြီး   အတွင်းရှိ  မြို့နယ် ၁၄ မြို့နယ် တို့၌ ၈၅၅၀၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ ၃၅၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ ၆၂၈၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ်၌  ၂၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်  ခုနစ်ခရိုင် အတွင်း၌  ၁၂၈၂၀  တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း  သတင်းရရှိသည်။                      
                   

သတင်းစဉ်