
နေပြည်တော် စက်တင်ဘာ ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများ၌ ကာကွယ်ဆေးထိုးနှံခြင်း ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၂၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၈၁၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၈၄၄ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၈၆၅၈ဦး နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ဒေသခံပြည်သူ ၃၂၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၂၉ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၆၂၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင် ခုနစ်ခရိုင်၌ ကျောင်းသား ကျောင်းသူ ၂၈၈၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် နှာခေါင်းစည်းများကို ပြည်သူများလက်ဝယ် အရောက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်များအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ စာသင် ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်း များ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း များတပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများ အား ဒေသခံပြည်သူများ လက်ဝယ်အရောက်အခမဲ့ ပေးဝေလှူဒါန်း ကြောင်း သတင်းရရှိသည်။
သတင်းစဉ်